တစ်ခါကတိုင်းပြည် အကြီးအကဲတစ်ဦးသည် မိမိ၏နာမည်နှင့် ဂုဏ်ကိုမြှင့်တင်ချင်သည့်အတွက်
ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီးတစ်လအကြာတွင် ရောင်းအား
ကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။။။။။။။။။။။
အကြီးအကဲ.......ငါ့ပုံနဲ့တံဆိပ်ခေါင်း ရောင်းအားကောင်းလားဟေ့ ။....
စာတိုက်မှူး.......ကောင်းပါတယ်၊ ဒါပေမယ့် တံဆိပ်ခေါင်းက ကော်သိပ်မကပ်ဘူးလို့
ပြောကျတယ် ။....
အကြီးအကဲ......မဖြစ်နိုင်တာ ။.....
ကိုယ်တိုင်တံဆိပ်ခေါင်း တစ်ခုယူပြီး နောက်ကျောကို တံတွေး ထွေးကာ စာအိပ်ပေါ်တွင်
ကပ်ကြည့်လိုက်သည်။။။။။။။
အကြီးအကဲ......ကပ်တာမှမြဲနေတာပဲ ။.....
စာတိုက်မှူး......သူတို့က တံတွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကျလို့ပါ ။.....
ရေးသားသူ....maungmaung
No comments:
Post a Comment