မိန်းကလေးသူငယ်ချင်းတစ်စု ကမ်းခြေကိုသွားကြတယ် ။ နောက်တစ်ပါတ်ကြာတော့ ယောင်္ကျားတစ်ယောက်က ကမ်းခြေ
ကိုရောက်လာပြီး အဲ့ဒီမိန်းမတွေတည်းတဲ့ ဟိုတယ်မှာပဲတည်းတယ် ။
ဟိုတယ်ဝန်ထမ်းကို ဓါတ်ပုံ ထုတ်ပြတယ်..ဟိုတစ်ပါတ်က လာတည်းသွားတဲ့ အမျိုးသမီးပုံတွေ...
မင်းသိလားဆိုတော့ ဝန်ထမ်းက သိတယ်တဲ့ ။...သူတို့ တော်တော်ပျော်ကျလားလို့ မေးတော့......
ပျော်တာထက် တော်တော်ကဲကြတယ်ကွာလို့ပြောတယ် ။...ဒါနဲ့ အဲ့ဒီထဲကမိန်းမတစ်ယောက်ပုံကို လက်ညှိုး
ထိုးပြီး....ဒီမိန်းမကရော တော်တော်ကဲသလားလို့ မေးတော့ ဝန်းထမ်းက မကဲဘူး အဲ့ဒီမိန်းမက အငြိမ်ဆုံး
ပဲတဲ့ ။.....ယောင်္ကျားက အရမ်းပျော်သွားပြီ အဲ့ဒါ ကျွန်တော့်မိန်းမလေ ဆိုတော့....ဟင် ဒါဆို ဟိုတစ်ပါတ်
ကပါလာတဲ့ ယောင်္ကျားက သူ့ယောကျာင်္း မဟုတ်ဘူးပေါ့တဲ့ ။............
ရေးသားသူ........maungmaung
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Tuesday, May 18, 2010
ဟာသတို
တစ်ခါကတိုင်းပြည် အကြီးအကဲတစ်ဦးသည် မိမိ၏နာမည်နှင့် ဂုဏ်ကိုမြှင့်တင်ချင်သည့်အတွက်
ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီးတစ်လအကြာတွင် ရောင်းအား
ကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။။။။။။။။။။။
အကြီးအကဲ.......ငါ့ပုံနဲ့တံဆိပ်ခေါင်း ရောင်းအားကောင်းလားဟေ့ ။....
စာတိုက်မှူး.......ကောင်းပါတယ်၊ ဒါပေမယ့် တံဆိပ်ခေါင်းက ကော်သိပ်မကပ်ဘူးလို့
ပြောကျတယ် ။....
အကြီးအကဲ......မဖြစ်နိုင်တာ ။.....
ကိုယ်တိုင်တံဆိပ်ခေါင်း တစ်ခုယူပြီး နောက်ကျောကို တံတွေး ထွေးကာ စာအိပ်ပေါ်တွင်
ကပ်ကြည့်လိုက်သည်။။။။။။။
အကြီးအကဲ......ကပ်တာမှမြဲနေတာပဲ ။.....
စာတိုက်မှူး......သူတို့က တံတွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကျလို့ပါ ။.....
ရေးသားသူ....maungmaung

Labels:
ဟာသ
Subscribe to:
Posts (Atom)